ယခင် မေလနှင့် ဇွန်လများတွင် မြစ်ကြီးနားမြို့၏ ဆန်အရောင်းဆိုင်များ၌ ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၁၈၅၀၀၀ ကျပ်၊ လုံးသွယ်မွှေး တစ်အိတ်လျှင် ၁၅၅၀၀၀ ကျပ်၊ ဧရာပဒေသာ တစ်အိတ်လျှင် ၁၂၀၀၀၀ ကျပ်၊ စောရှုတ် တစ်အိတ်လျှင် ၁၄၅၀၀၀ ကျပ်၊ ရွှေသွယ် တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ မှော်ဘီ တစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ မနောသုခ တစ်အိတ်လျှင် ၁၁၈၀၀၀ ကျပ်၊ ငွေတိုးတစ်အိတ်လျှင် ၉၄၀၀၀ ကျပ်၊ ဆင်း(၃) တစ်အိတ်လျှင် ၉၅၀၀၀ ကျပ် စသည့်ဈေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိခဲ့ပြီး ယခုအခါ ဆန်ဈေးနှုန်းများ အနည်းငယ်မြှင့်တက် လာသည်။
ယခုလက်ရှိအချိန်တွင် ရွှေဘိုမှ မြစ်ကြီးနားမြို့သို့ ဆန်များသယ်ဆောင်ရာတွင် ကြုံတွေ့ရ သည့် ခရီးလမ်းအခက်အခဲများကြောင့် ပေါ်ဆန်းမွှေး တစ်အိတ်လျှင် ၂၀၀၀၀၀ ကျပ်၊ လုံးသွယ်မွှေး တစ်အိတ်လျှင် ၁၆၀၀၀၀ ကျပ်၊ ဧရာပဒေသာ တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်၊ စောရှုတ် တစ်အိတ်လျှင် ၁၄၈၀၀၀ ကျပ်၊ ရွှေသွယ် တစ်အိတ်လျှင် ၁၀၃၀၀၀ ကျပ်၊ မှော်ဘီ တစ်အိတ်လျှင် ၁၀၈၀၀၀ ကျပ်၊ မနောသုခ တစ်အိတ်လျှင် ၁၂၃၀၀၀ ကျပ်၊ ငွေတိုး တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်၊ ဆင်း (၃) တစ်အိတ်လျှင် ၁၀၀၀၀၀ ကျပ်စသဖြင့် ယခင်ဈေးနှုန်းထက် ဈေးနှုန်းများ တိုးမြင့်ရောင်းချနေရကြောင်း မြစ်ကြီးနားမြို့ရှိ ဆန်လုပ်ငန်းရှင်များထံမှ သတင်းသိရှိရသည်။
ကချင်ပြည်နယ်ဦးစီးမှူးရုံး